Tuesday, February 2, 2016

ကင်မရာဓာတ်ပုံတစ်ပုံဖြစ်ဖို့ တခြားကင်မရာတစ်လုံးမလိုဘူး



ထီပေါက်ဖို့ တစ်နေ့ရေ ၃ကြိမ်ချိုးတယ်။ ကလေးအဖေ
ဖြစ်ဖို့ အနှီးတွေစစုမယ်။ စက္ကန့်တွေ မရွေ့မှာစိုးလို့

အလှူခံအကြောင်းပြအသံချဲ့စက်တွေ ပိတ်စေဖို့
လမ်းများများလျှောက်တယ်။ ချက်တာပြုတ်တာများရင်

အောင်မြင်မှုရဖို့ ကွန်ဒုံးတွေကို အပိုင်ဝယ်ထားပါ။
ဆံပင်ရှည်စေဖို့ လိုင်းကားများများစီးပါ။ တုတ်ထိုးကို

မုန်တိုင်းဖြစ်မှာစိုးလို့ လိပ်ပြာတွေလိုက်သတ်တယ်။ ဘေးဒုက္ခက
လွတ်ကင်းအောင် ပူပြင်းတဲ့နေကို စိုက်ကြည့်။ ဖရဲသီးအထွက်နှုန်း

နှင်းပန်းကနေ နှင်းပွင့်ဖြစ်ဖို့ နှင်းလူသားလိုတယ်။ အိုင်ဆိုတဲ့
အသံထွက်ဖို့ တုတ်တစ်ချောင်းရှိရမယ်။ ဇကာအောက်က

နှာဆေးအအေး မမိဖို့ ဝမ်းနှုတ်ဆေး သက်စေ့စားတယ်။ ဒီကဗျာ
မှာ ဟိုအကြောင်းပါဖို့ ဟိုဟာလုပ်ဖို့ မလိုဘူး။ ပိုနွေးအောင်

ဗူးသီးသီးအောင် ပဲလှော်များများဝေတယ်။ တရုတ်လူမျိုးနဲ့
တူဖို့ စနေထောင့်မှာ သွားအိပ်တယ်။ ဘယ်သွားမှာလဲဖြစ်ဖို့

အစာကြေလွယ်ဖို့ မျက်နှာပေါင်းတင်တယ်။ အလင်းပွင့်ဖို့
ထိုင်ခုံမှာထိုင်တယ်။ တစ်ယောက်ယောက်နဲ့တူဖို့

စက်ဘီး ဘီးတွေလည်ဖို့ စာများများဖတ်တယ်။ ကျောင်းမသွားချင်လို့
နှုတ်ခမ်းနီတွေဆိုးလိုက်တယ်။ မီးသီးထဲမှာ

ခေါင်းစွပ်အင်္ကျီဝတ်တာကြောင့် ဒီနေ့ like ၃ခုရတယ်။ ပြက္ခဒိန်ကို
ကြည့်ဖူးတာကြောင့် လိင်အကြောင်းကို တတ်မြောက်တယ်။ ဗလာကျင်းနေသလို

ဘာကြောင့်လည်းဆိုရင်ကြောင့် အခြေပြုမဟုတ်ဘဲဖြစ်လာတယ်။ ဤနေရာ၌
သင်ဘယ်ရောက်နေသလဲကြောင့် မှတ်တမ်းဖြစ်လာတယ်။ ဒါတွေမလိုတာ

ဈေးကြီးတဲ့အသုတ်ကိုစားလို့ ဂရင်းနစ်မှာစံချိန်တင်တယ်။ စက်ကတ်ကြေးကို
အပြင်မောင်းထုတ်မရတာကြောင့် အပြင်မှာစွန်သွားလွှတ်တယ်။ ငယ်ပါသေး

ဘောပွဲကို လူအများပြိုင်တူမြင်ရအောင် ကျမ်းစာမှာရေးတယ်။ ထာဝရပေါင်း
စပ်မှုဆိုတာ ရေခဲသေတ္တာဖြစ်တယ်။ လုံခြုံစိတ်ချရအောင်

ပိတ်ထားတဲ့ အခန်းဖြစ်ဖို့ ပရုပ်နံ့လိုတယ်။ ကျွန်တော်ရေးတဲ့
ကဗျာကို သင်ဖတ်တာကြောင့် မိုးချုပ်တာနဲ့ နေဝင်သွားတယ်။ ကမ်းခြေကို

၎င်း(၂.၂.၂၀၁၆)

No comments: