ဘောလုံး ၂လုံးကို အလယ်တန်းသုံးယောက်က ဆွဲလာတယ်။ ဂိုးသမား
ခြောက်ယောက်က
အသင့်စောင့်နေတဲ့ ဂိုးတိုင်အနောက်ကနေ
ချောင်းနေတယ် ခင်ဗျ။ စည်းကြပ်ဒိုင်က ဝီစီမှုတ်ရင်း
ကွင်းလယ်ဒိုင် ငါးယောက်ကို သတိပေးလိုက်တယ်။
အဝါကတ်တွေ ထွက်ကျလာတာကို
ဘောလုံးသမားတွေ ဝိုင်းလုကြတယ်ဂိုးသမားလေး
ယောက်စောင့်ပယ်နယ်တီကို တိုက်စစ်မှူးက ဘောလုံး၉လုံးကို
တစ်ပြိုင်နက်တည်ကန်လိုက်
တယ်
ပွဲကစားချိန် ၁မိနစ်မှာ
၉၀-၀နဲ့ အစိမ်းအသင်းက ဒိုင်လူကြီး၁၀ယောက်ကို
အပြတ်အသတ်နိုင်ထားတယ်
အစိမ်းအသင်းတိုက်စစ်မှူးဆွဲလာတဲ့ ဘောလုံးကို အစိမ်းအသင်းခံစစ်က
တားတဲ့အနေနဲ့ မျက်နှာကို လက်သီးနဲ့
ပစ်ထိုးပလိုက်တယ် ခင်ဗျ
ဘောလုံး ၂၀ဟာ ကစားသမား အယောက် ၁၀၀အကြား
ဟိုပြေးဒီလိမ့်နဲ့ ရွေ့လျားနေတယ်
ကွင်းလယ်ဒိုင်က မိုးပေါ်လက်ထောင်ပြလို့
ဘောလုံးကို ကောင်းကင်ပေါ်ပစ်ကန်လိုက်တယ်
နတ်သားတွေက ပြန်လှမ်းကန်လို့
တစ်ဖက်အသင်းရဲ့ ကစားသမားအယောက် ၄၀က ရုတ်ရုတ်သည်းသည်း
ဖြစ်သွားတယ် ခင်ဗျ။ အဲဒီ အချိန်
အလွတ်တည်ကန်ဘောကိုရရှိလို့
ကိုက် ၉၀ကနေ လက်နဲ့ပစ်သွင်းလိုက်တယ်၊ ဆယ်ဖီတံကိုင်ရင်း ကစားသမား
အားလုံးပြိုင်တူပြေးလာကြပြီးဘောလုံးက
မြေပေါ်လိမ့်နေတုန်း ကစားသမား ၁၀ဦးက ခေါင်းနဲ့လုတိုက်နေတယ်ခင်ဗျ
ပိုက်ကွန်နဲ့ယက်ထားတဲ့ တိုင်၂ခုကြား ဘောလုံးအလုံး၇၀ပြိုင်တူလိမ့်ဝင်သွားလို့
တစ်ဖက်က ငိုကြပြီး၊ တစ်ဖက်က ရယ်ပြီးလက်ခုပ်တီးနေကြတယ်
ပြီးတော့ ကွင်းထဲပြေးဆင်းပြီး ဓားနဲ့လိုက်ခုတ်ကြတယ်ခင်ဗျ
မြက်ခင်းပြင်ပေါ်က ပွဲကြည့်ခုံတွေကို
ဘေးပတ်ပတ်လည်က ကစားကွင်းထဲ လှမ်းပစ်ပေါက်ကြတယ်
အဖျက်ကြမ်းတဲ့ ဒိုင်လူကြီးကို အဝါရောင်ကစားသမားက
အပြာကတ်ပြသတိပေးထားတယ်ခင်ဗျ
ကွင်းထဲက
နွားတစ်ကောင်မြက်စားနေတာကို လိမ်ခေါက်ကျော်ဖြတ်ပြေးတယ်
ခင်ဗျ
ချက်ချင်းဆိုသလို
ဘာမှန်းမသိခင် ပွဲကပြီးသွားတယ်
ဘာမှမရှိတော့ဘူး ရုတ်တရက်အကုန်ပျောက်ကွယ်သွားတယ်
အားကစားဝါသနာရှင်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျ
၎င်း(27.2.2016)
No comments:
Post a Comment