ခေါက်စားပွဲကလေးပေါ်မှာ ကျွန်မမျက်လုံးကိုတင်ပြီး တံတောင်ဆစ်ကိုမှိတ်ထားလိုက်
တယ်။ ပုံမှန်ထက်ထူးဆန်းတဲ့ အနေအထားသို့ နေရောင်က လင်းချင်းလာတယ်။
လိပ်စာတွေချရေးနေရင်း အဲဒီအူတွေက အလိုလိုထွက်ကျလို့ ပြတင်းပေါက်လိုက်ကာ
ကနေတစ်ဆင့် နှာချေဆေးတွေဖြူးချထားရတယ်။ မီးဖိုချောင်....လို့ရေရွတ်မိတယ်။
ရဲရဲ့သေနတ်တွေ လုပြေးတဲ့ဓားပြတွေကို သူခိုးတွေက လိုက်ဖမ်းဖို့ရပ်နေတုန်းမှာ
သူ့ကို ကလေးအဖေအဖြစ်မွေးစားပလိုက်တယ်။ ရှည်လျားတဲ့ လမ်းက တည့်တည့်ကြီး
ရောက်လာခဲ့တယ်။ အရွေ့ကိုဖန်တီးသူက ကျွန်မမဟုတ်ဘူးဆိုတာ နောက်တစ်နေရာ
ပြောင်းသွားတဲ့အထိ သယ်ဆောင်သွားမယ်။ အဲဒါတွေက အဲဒီအခိုက်မှာပဲဖုန်းဝင်လာ
တယ်။ အစ်ထွက်နေတဲ့ ပူလောင်သောငြိနေမှုတွေဟာ တစ်နည်းနည်းနဲ့ ဒီလိုတစ်စက္က
န့်ရဲ့ ၅မိနစ်အလိုမှာ ချိုင့်ဝင်သွားနိုင်လိမ့်မယ်လို့တွေးမိနေတုန်း။ သူတို့ရှက်သွားတဲ့
နောက်ထပ်အကြောင်းပြချက်ရှိရင်ရှိမှာပေါ့။ စကြာဝဠာရဲ့မှောင်မိုက်ခြင်းလို မျက်နှာထဲ
သူတို့ နံပါတ်တွေကို ဝှက်ထားလိုက်တယ်။ ပင်လယ်ရဲ့ အစိုစွတ်ဆုံးအပိုင်းမှာ ပြန်
တိုက်ခိုက်ရင်းသေသွားတာမျိုး အိမ်က အလှမွေးသွေးစုပ်ဖုတ်ကောင်တွေ အခိုးခံ
လိုက်ရတယ်။ အဖေဟာ ကျွန်တော်နဖူးကို ကိုင်တာကို ဖေ့ဘုတ်ကတစ်ဆင့်သိရတယ်။
ပြီးတော့ ကျွန်မရဲ့အတွင်းခံဘောင်းဘီကတစ်ဆင့် အဖေ့ကိုလှမ်းမြင်ရတယ်။ ဒီပုံစံဟာ
ငယ်ရွယ်တဲ့စုံတွဲပဲ။ စားပွဲပေါ်မှာရှိသမျှကို ရှင်းလင်းခံလိုက်ရခြင်းအကြောင်းပြောနေကြ။
ကျောက်တုံးငယ်တွေဟာ ကျောက်တုံးကြီးရဲ့အောက် အလိုလိုရောက်သွားတယ်။
လုံးဝပုံမှန်မဟုတ်တဲ့ အနေအထားမှာ သူတို့ကပုံမှန်ပဲ။ ဖြစ်မယ်ဆိုတာ ကြိုသိနေနှင့်ပြီး
သားပဲ။ ဘယ်လောက်ပဲ အိပ်မက်ဆန်ပါစေ။ အိပ်ယာထဲကွေးကွေးလေး အိပ်မက်တွေ
ကို ကုတင်အောက်ဖက်ကမြင်ရတဲ့ အိပ်မက်တွေနဲ့အစားထိုးလိုက်တယ်။ အိပ်စက်ခြင်း
တွေလို။ စကားလုံးတွေကြောင့်။ အဲဒီဓာတ်လှေကားဟာ။ အပြုစားခံရသလို။ မနက်ခင်း
ကို တဖန်ပြန်လည်ပြီး ရွှေ့ခံလိုက်ကြရတယ်။ အဲသလို အခန်းရဲ့အတွင်းပိုင်းက ဆန်း
ဆန်းပြားပြားပါပဲ။ သွားနေတယ်။ သူက ဖြူလွတဲ့အနက်ရောင်နဲ့အတူတောက်ပလျက်။
စကားတအားပြောတတ်တဲ့ ကျောက်ရုပ်တစ်ရုပ်ကို မွေးမိရက်သားဖြစ်နေမိတယ်။ အနီး
ဆုံး တိမ်ပေါ်နင်းမိတယ်။ တကယ်တော့ ကျွန်မက ဗေဒင်ဆရာမှမဟုတ်တာ။ ဆင်တူ
တဲ့ မေးခွန်းတွေက ခေါ်ဆောင်ရာလိုက်လာတယ်။ တရွတ်တိုက်ဆွဲနေသလို၊ ဆင်ခြေ
လျှောနီးပါးအတိုင်းလည်း သူမကိုယ်ထည်ကို ဟင်းခွက်ပန်းကန်အဖြစ်ပြောင်းလဲလိုက်
တယ်။ အထူးသဖြင့် အစပိုင်းမှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာတွေကို ပြန်လည်ဖာထေးခဲ့တယ်။
အသံ အတိမ်အနက်ကို ရှင်ဘယ်လိုထိန်းလဲ။ ဆင်ခြင်တုံတရားကိုထောက်ပြီး ကြားရ
တယ်။ ဂလက်ဇီက သူဆက်ပြီးရွေ့လျားနေတယ်။ အဲဒီ အနက်အတိုင်းထဲ။ ဒါပေမဲ့မှာ
ကျွန်မအရေးအသားတွေမှာဆိုရင် စာသားကို အသုံးပစ္စည်းထည်အနေနဲ့ ယူငင်သုံးစွဲ
တယ်။ ရှင်ကတော့ ဒါကို အခန်းကဏ္ဍအနေနဲ့ ယူဆချင်မှ ယူဆမှာ။ အခု ခန့်မှန်းလို့
မရနိုင်တဲ့ အရာတွေဖြစ်လာခဲ့တယ်။ ဘာတွေဟာ ဘာတွေဖြစ်လာတဲ့ ဘာတုန်းကအိပ်
ခန်းထဲမှာ ရေကူးဖို့ပြေးဝင်သွားတယ်။ ဒီမြစ်ဟာ ကြမ်းပြင်တစ်ခုအလား။ ကျွန်မက ပန်း
ခြံအနီတွေဆို သိပ်ကြိုက်တာ၊ စားလိုက်ရရင် အချိုရည်တောင်မလိုဘူး။ တို့အိပ်မက်ထဲ
မှာလည်း တို့နှစ်ယောက်ပန်းခြံတွေကို တစ်ယောက်တစ်ဝက်ခွဲစားနေကြတယ်။ ရေ
သွားကူးတုန်းကပေါ့။ အကြည့်ကတော့ ဒုက္ခရောက်ပြီဆိုတဲ့ အကြည့်မျိုး။ မှန်ကြည့်ပြီ
ဆိုရင် တကယ့်ကိုအတည်ပေါက်ကြီး။ ဘယ်ရာသီမှ လာမှာမဟုတ်ဘူးဆိုတာ ပြီးတော့
၎င်း(12.2.2016)
No comments:
Post a Comment