Tuesday, February 23, 2016

ဟေ့ ... ချာတူးလန်ချာတိတ်ချာချာလည်နေတဲ့ချာထုတ်ချာ။ ဘယ်ကပြေးမှာလဲ။







စတင်သည်။ ၁:၁၈ မိနစ် နေ့လည်ခင်း။ သန်လျင်မှ

ကားစထွက်ပြီဟာ လသာနဲ့အတူ ၃၀၀ပေးရတယ်။ သန်လျင်တံတားအကျော်။
မော်တင်၊ ဆူလေး၊ ဂန္နီ၊ ဗိုလ်ကလေးဈေး၊ ပန်းဆိုးတန်း၊ ထိုင်စီးရမယ်။
သီလရှင်အရောင်တွေ ငေးနေတုန်း။ နေကအလွန်ပူပြင်းတယ်။ ထမင်းကို
ကြက်ဥကျော်နဲ့စားခဲ့တယ်။ နာကာတာရဲ့ အကြိုက်ဆုံးဟင်းပါပဲ။

အခုပဲ လူ၂ယောက်တက်တယ်။ အမျိုးသမီးနဲ့တူတဲ့ အမျိုးသမီးရယ်၊ မျက်မှန်တပ်အင်္ကျီ
အဖြူအဝတ် ဦးလေး။ ပြတင်းပေါက်က လေတွေဝင်နေတယ်။ ရှေ့ခုံက ဘေး ဝဲယာ
ဝင်ထိုင်ကြတယ်။ အောက်ဆီဂျင်က အလကားရပေလို့ပဲ။
အဆက်မပြတ်အော်နေတဲ့ စက်အင်ဂျင်အသံဟာ ရွေ့လျားမှုအရှိန်ကိုဖြစ်စေတယ်။
ရေသန့်ဗူးက ဗထက်ချိုက်နဲ့ဗူးလား၊ ဘကုန်းနဲ့ဘူးလားလို့ မတွေးဘူး။
ကောင်မလေးရဲ့ခေါင်းမှာ ဗောက်တွေ၊ ဆိုင်ကယ်ပေါ်ခွထိုင်တဲ့ ကယ်ရီသမား။ သန်လျင်
ဈေးဟာ သူ့အလိုလိုရောက်မလာခဲ့ဘူး။ အပြည့်အသိပ်ဖြစ်နေတဲ့ ကောင်မလေး။ ဖိနပ်
သဲကြိုးဟာ ခိုင်ခံ့တယ်။

ဆံပင်နားထင်ဘေး လိုင်း၃လိုင်းဆွဲထားတဲ့၊ ခေါင်းလို တစ်ယောက်ဆွဲချိတ်တယ် ပြင်ထား။
ငါးရာတန်ပေးလို့ ၂၀၀ပြန်အမ်းတယ်၊ အဲတော့ သီလရှင်တွေက အဲဒီအရောင်ဝတ်တယ်။ ဒါကို ဒီနေရာက မြင်ရတယ်၊ အလှတရားနဲ့တူတဲ့ တစ်ရံ။


ထိုင်ခုံမှာ လူမပြည့်သေးဘူး။ အင်္ကျီအိတ်ထဲကနေ ပိုက်ဆံကိုဆွဲထုတ်တယ်၊ နားဖာချေးတွေ။ ပစောက်လိုပဲ။
လိုက်ရင်တင်ထား၊ တကယ်ရှိသယောင်ထင်ရတဲ့ ဖေဖော်ဝါရီခရမ်းရောင်၊ ၍၌။
ဘယ်သွားနေလဲနဲ့အားကို တွဲချည်ထားလို့ သံပရာပေါင်းက တစ်ရာနဲ့ရောင်းတယ်။
ဘာယူမလဲ အစ်မကြီး ရေခဲထုတ်တစ်ရာ။ စားမလား CP။ ကြည်လင်ပြတ်သားတဲ့
အသံကို ရုပ်ရှင်ရုံထဲက အတိုင်းကြားရတယ်။ အတိုင်းသားမဟုတ်။ မှန်လိုကြည်လင်။

၁:၃၈

ဘယ်သူတစ်ဦးတစ်ယောက်ရဲ့မျက်မှန်ကို ဘယ်သူမှမကြည့်ဘူး၊ တံတားပေါ်စတက်ပြီ။
လမ်းဘေးဝဲယာမှာ လေဟာနယ်တွေ၊ ကားကရှေ့မှာ အပိတ်အဆို့မရှိလို့မောင်းနှင်နိုင်
တယ်။ ကလေးငယ်ရဲ့ လက်ညှိုးလို။ ရေပြင်ဟာ နောက်ကျိနေတယ်။ အနောက်မှာ
ဘာမှမရှိ။

ဆိုင်ကယ်ဟာ ဘတ်စ်ကားကိုကျော်တက်တယ်။ ဘယ်ခရီးသည်မှမကြည့်လည်း ကိုယ်
ကြည့်တယ်၊ အဲတော့မြင်တယ်၊ စေတနာတွေလိုလှတယ်။
လက်တန်းကိုင်ထားနဲ့အမျိုးသမီးနဲ့ နေရောင်ဟာ ဖွင့်ထားတဲ့ သီချင်းသံလို ပျံ့လွင့်။
တံတားအဆင်းလမ်းဘေးဝဲယာမှာ အဖြူအနီစပ်ကြားတိုင်တွေကို ဆေးသုတ်၊ လသာ
နေတဲ့အတိုင်း အနီရောင်စက္ကူပန်းပင်ကြားက အဖြူရောင်စက္ကူပွင့်
ရပ်နားနေတဲ့ကားတွေပေါ်မှာ ဘာတွေရှိလဲ။

၁၃ကိုရောက်လာတယ်၊ ငါတို့ဟာ ၂၅တွေ၊ ဆူဇန်က ၂၂။
အဲဒါပြီးတော့ ကိုယ့်ဘေးကဝင်ထိုင်နေတဲ့ အန်တီအရွယ်အစ်မက ၄၉မှာဆင်းတယ်
သူဘယ်ဆက်သွားမှာလဲ။ လမ်းအောက်ဘက် ၄၅ဒီဂရီစောင်းပြထားပေမယ့်
ဘယ်ကားမှ မြေကြီးထဲတိုးမဝင်ကြတာ ဘာကြောင့်လဲ။

ရှေ့ကနီးရင် ရှေ့ကဆင်းမယ်၊ လိုက်ရင်တင်ထား၊ ၅ကွေ့အထိရှင်းတယ်၊ (မော်တင်) ဟေ့
ပိုင်ရှင်မရှိရ အလိုရှိသည် မင်းနဲ့နီးဖို့ကြိုးစားနေတယ်လေ၊ လသာ၊ ၁၅။
ကောက်ညှင်းထုပ်နဲ့ အသက်ရှု တဂျိမ်းဂျိမ်းမြည်တဲ့ ဘာမှမပါကုန်တင်ယာဉ်

ပညာရေးရောင်းမယ် ဖုန်းဘေလ်တွေပြန်ဝယ်မယ် ညနေခင်းထဲက စကားပြောသံချပ်ချပ်

၁:၅၃

အဟား ... မေ့နေတာ ဖေ့ဘုတ်ဖွင့်အုံးမှပဲ အဲဒီမှာပါသွားတယ် ဗစ်သိုဗင်ရဲ့တေးသွား
ဂိတ်အအိုအဟောင်းကိုသွားနေကြ၊ သွားရဲကြတုန်း၊ ကွမ်းစားတာလည်းပါတယ်ရယ်သံ
နှစ်ကိုယ်ကြားစကားတွေကို ဘယ်သူသိမှာလဲ။ ဝ  ဝ

အပျင်းပြေ စပယ်ယာလုပ်တမ်းကစားလိုက်၊ မျက်လုံးအနက်ရောင်ရှိ။ ဆေးရုံအညံ့စား
ဖွင့်လှစ်ဖို့၊ ငွေတွေ စပယ်ယာလက်ထဲမှာ၊ ထိုင်စီးရတယ်။

ကြပ်ကျပ်ကြပ်ကျပ်နေတဲ့၊ လက်အရေပြားပေါ်၊ သန်မာတဲ့၊ ဖုန်းတစ်လုံး မင်္ဂလာဈေးပြောင်းစီး
နောက်တံတားတစ်စင်းပေါ်ထပ်တက်၊ ကားတွေကိုကျော်ပစ်လိုက်၊ အိုးရှင်းဆင်းမှာပြင်ထား
စလွယ်အိတ်နဲ့ဒူးကွေးနေ အချိုရည်ဘူးထဲက လက်ခြောက်ဖက်ခတ်ရေနွေးကြမ်း
နေရောင်ခြည်ထဲ အပျော်ပဲ

မီးပွိုင့်စိမ်းလို့ ပြန်မောင်းတယ် ရပ်နားမိတဲ့ ပျောက်ကွယ်မှု ၅၀ကို ရောက်ပြီ

ပန်းဆိုးတန်းမှာ ပန်းတွေဆိုးတာ မတွေ့ရဘူး၊ ဆိုင်းဘုတ်က အဝါရောင်၊ ကိုယ့်ပန်းကို
ဘာအရောင်ဆေးဆိုးရင်ကောင်းမလဲ။ ဘယ်ပန်းတွေက ဘာအရောင်လဲ။

၂:၀၅

ဒီကဗျာက ခေါင်းစဉ်ကို ကဗျာမရေးခင်အစကတည်းကရေးတာလား၊ အပြီးသတ်ကျမှ ရေးတာလား။

၎င်း(23.2.2016)











No comments: