သို့ဖြစ်၍ အရိပ်အမြွက်ပြောကြားခဲ့သလိုပင် သင်အလေ့အကျင့် မျိုးရိုးအရ၊
လုံးဝအနားယူခြင်း
ဖြင့်၊ တိတယသာဓကမှာ အဲဒီတစ်လလောက်နေပါအုံး၊ အယူသီးသူမဟုတ် အဖြစ်ဖြင့်
အလားတူခြောက်လှန့်ခံရပြီး
ယုံကြည်ချက်ပြောင်းလဲလာသူ မဟုတ်ပါသလော။ သိနိုင်ရန်
ဝမ်းသာအားရ အခြေအနေလိုက်
မြွက်ဆိုပါလျှင် များစွာအမွှမ်တင်ရာ၊ နာခံပျပ်ဝပ်
မှုန်နေပြီ လိမ်ကောက်ပြီးရိုက်ချက်
နှောင်ကြိုးမဲ့ဆန္ဒကတော့ ချည်မျှင်များကြားတွင် လွန်း
အိမ်လိုအပ်ချက်လှုပ်ရှားစေနိုင်အောင်
လွတ်လပ်ခွင့်ပေးထားသည်။ ဒိုးဘွိုင်းအောက်ထပ်သို့
ကပျာကယာဆင်းပြီး
နာရီကြည့်သည်။ ထို့နောက် သည် ယင်းမြင်သာသောအရာ၊
မမြင်သာသောအရာအားလုံးကို
မည်မျှပင်ဖုထစ်မာကျောနေသည်ဖြစ်စေ ဖြိုချခြင်း
ပြုသည်။ ကျမ်းဂန်နှင့်မပတ်သက်ရသေးသော
နတ်မိမယ်တို့၊ စက်ဝိုင်းခြမ်းသဏ္ဍာန်
ချိုင့်ခွက်ထဲတွင်
တစ်ချောင်းတည်းသော ဒူးကိုစိုက်ရင်း မတ်တပ်ရပ်နေပုံ။ ပုဒ်ကလေး
၎င်း(2.9.2012)
No comments:
Post a Comment