Sunday, July 6, 2014

ဖျက်ထားသော ဟာတွေ့နိုင်ပေသည်။ လွှမ်းမိုးသည်။ ပါဝင်မှာပါလဲ။ ရသလဲ




အခု တည်ရှိဆဲနေရာမှာ ဖြစ်တည်မှုဟာ ဖြေရှင်းနေခြင်း လွတ်လပ်မှုနှင့်
ပတ်သက်ခဲ့သမျှ အကြောင်းအရာတိုင်းမှာ အားပေးလှုံ့ဆော်မှုအနေအထား၌
၎င်း၏အပြန်အလှန်မှီခိုမှုလိုမဟုတ် လုံးဝကိုခြားနားခဲ့သော ထင်းအချက်၏
တစ်ဝိုက်မှာ ဘာခြံစည်းရိုးမှခတ်မထားဘူး ဒါမှမဟုတ် အဖုံးအကာတွေကို
လုံးဝ ဖယ်ရှားသင့်သလား အကယ်မောင်းနှင်မှုကြောင့် ဖြစ်တည်ပြုလုပ်ထားတဲ့
လေဟာပြင်ထဲရောက်ခဲ့လျှင် နေရာချမှုအစီအစဉ်မှာ ဒွိစုံအခြေအနေ၊ တစ်စုံတစ်ရာ
စေ့ရာတွေကြားက၊ ကွာဟချက်ကြီးမားမှု ပထမဆုံးနေရာမှာ အတည်မဲ့သောတရား
သူတို့အားလုံးဟာ တစ်ခုနှင့်တစ်ခုအတုပြန်ခိုးနေကြတာလား ပင်မဖွဲ့စည်းမှုပုံ
အခြေအနေအရတော့ အဆိုပါကိုယ်စားပြု အကြောင်းအချက်များလို သင်္ကေတမျိုး
ဖြစ်ရပ်တွေဟာ မောင်းနှင်ထားတဲ့အရာမဟုတ်ဘူး ဒါတွေဟာ သာမန်အထူးပြုလုပ်ချက်တွေ
ပါဖောမန့်ဗေဒ ယုံကြည်မှုစနစ် မှီခိုမှုစာမျက်နှာတွေထဲမှာ မထင်မှတ်မှုတွေဟာ
ဖြစ်တတ်/ဖြတ်တပ်/ဖြုတ်တတ် မထင်မှတ်တာကို မျှော်လင့်နိုင်သလား
နောက်ထပ်လက်မခံနိုင်တော့တဲ့ အခြေအနေမျိုး ကွေးလွယ်ညွတ်လွယ်ဝင်္ကပါဟာ
ကြည့်မှန်ထဲမှာ သုံးသပ်ခြင်းတွေ ပေါ်ပေါက်တာဖြစ်စေ၊ ပေါင်းစပ်ဖို့ ကူးယူသလို
ဒါဟာ ဗဟိုချက်မဲ့တယ်လို့ မထင်မှတ်ကို မျှော်လင့်နိုင်တယ် ပြန်လည်စိစစ်ဖို့
ကွန်ယက်ရဲ့အမြင်က ဖြစ်ရတဲ့ကွာခြားမှု ဝေဒနာကြောင့်
ပြည့်စုံတယ်။ ဒီလောက်ဆိုတာ ရောက်မလာသေးဘူးလားဆီပြန်မသွားချင်
အမြင်သဏ္ဍာန်အရ ဒါတွေဟာ ဖြစ်နိုင်စရာနည်းလမ်းတွေရဲ့ ဂီတဖြစ်ကောင်းဖြစ်မယ်
ထင်တယ် အဓိကကျောရိုးမှာ ပါဝင်နေသယောင်ရှိသလို အဓိက,ကရွှေ့လိုက်တာ
ဒါပေမယ့် မဟုတ်ခဲ့ဘူး

၎င်း(7.10.2013)

No comments: