Wednesday, July 16, 2014
ယင်းလိပ်ပြား
နံနက်တိုင်းဆိုသလို ပင်လယ်ကျီးကန်းများ ပျံသန်းနေကြသည်။ ခိုနားနေ
သော သည်ညငှက်များကို ကျွန်တော်တို့မြင်ကြရသည်။ သာမန်ဝိညာဉ်တစ်ပါး
သည် သီချင်းတွေကိုမေ့ဖျောက်ထားတယ်။ မည်သည့်လူစားမျိုးဖြစ်ခဲ့ဖူး
သည်ကို နားလည်လည်ကြပါလိမ့်မယ်။ ကျွန်ုပ်၏ဂုဏ်သိက္ခာအရ လူကြီးမင်း
တို့အား ကျွန်ုပ်ပြောခဲ့သည်မှာ အကောင်အထည်ရှိပြီး ယုတ္တိမှန်စစ် ဧကန်ဖြစ်
ပါသည် သည်ကျွန်းကလေးမှ ဆင်းမပြေးပါနှင့် သင်တို့ဘယ်တော့မှပြန်လာနိုင်
မှာကို မဟုတ်ဘူး မယုံရင်စမ်းကြည့်လေ ငွေရောင်ထညကာလထဲတွင် ၀ဲ
နေသောဓါးများ မုန်တိုင်းအားငုံထားသောစက္ကူထုပ်၊ ယမ်းစေ့များ၊ ကျည်မှုန့်
များ မီးဆွသံချောင်းတစ်ချောင်းကိုင်ရင်း သဂြိုလ်လိုက်တယ် ခုနကအရာအားလုံး
အကယ်၍တစ်ဦးတစ်ယောက်ထက် တစ်စက်ကလေးမျှပင် ပို၍ချောက်ချားနေ
လိမ့်မည် မဟုတ် အခုလို
၎င်း(2.9.2012)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment