Saturday, July 19, 2014

အတွဲချောင်းသူတို့၏နှလုံးသား လိမ့်လိုက်တိုင်းအံသွားထဲက




သေတမ်းဟစာကိုပြင်ရေးဖို့ တည်းဖြတ်၊ ကိစ္စ၊ ကွက်တိ၊ ကြိုးသီချင်း၊ အမြင်တစ်မျိုးနဲ့ကြည့်ရင်
ပြဿနာကိုဆက်လက်စဉ်းစားမယ် အကြိမ်ကြိမ်အဖန်ဖန်စွန်းထင်ပစ်မြောက်ကြသကဲ့သို့နှင့်
အရသာရှိ,မရှိ Spaceချန်သွားမှာ (သုံးသပ်) Todesfuge လက်လွန်သွားတော့မှ ဤကဲ့သို့လိုမျိုး
ဘာမှမသိဘူး ပြတိုက်ထဲက ရေအိမ်ထဲမှာ မရေရာမှုထဲယူဆရမလိုထဲမဆုံးဖြတ်နိုင်မှုကြောင့်
မပြောဖို့ ငှက်ပျောဖို အလယ်ပိုင်းပိုကျလာတော့ ဇွန်းနဲ့မွှေဖို့လည်း ၄င်းအမြှီးကိုစိတ်မချရ
ဒါဟာ ခင်ဗျားတို့ရဲ့မိုင်ပေါင်းများစွာရှည်တဲ့လူမျိုးအစစ်ပဲ ကတ္တရာလမ်းကိုခွေပြီးအခေါက်လိုက်
စားပြီး စီးနင်းသူအပေါင်းကို ဂရုစိုက်တာမျိုး ဆေးတံမည်းကရေထဲကဖြတ်အမြဲတမ်းတော့
အချိန်တွင် ကုလားထိုင်များထက်ပျော့ပျောင်းအောင်ယူလာရင်း အမြှပ်တဖွေးဖွေးထနေသည့် ဗလာကျင်း
ပိုင်း ဒါကအန္တရာယ်များပါတယ် ဖင်းဘတ်ဝေလငါးထိုလက္ခဏာသွင်ပြင်ကြောင့်ပင် ကဗျာဆရာ
ပြန်လည်သုံးသပ်ခြင်း နှစ်ဆကျယ်နိမ့်နိုင်သမျှနိမ့်နိမိတ်ခေါင်းဆတ်ပြနေကြစွမ်းအားတစ်ရပ်က
စပိန်ရွှေဒင်္ဂါးတွေ ပီရူးရွှေဒင်္ဂါးတွေ ချီလီရွှေဒင်္ဂါးတွေ တန်ရွှေဒင်္ဂါးတွေ ဘာညာရွှေဒင်္ဂါးတွေ
စာအုပ်ရေ မင်းကအဲဒီမှာနေ မြှားရိုးကိုဆွဲလိုက်ပြီး သူစုတ်ပြတ်နေတဲ့ သံမှိုစွဲမြင်းခွာတစ်ခု
ဒါပေမယ့် တစ်ခုတည်းပါ ယုံမှားစရာမရှိ နှိုင်းယှဉ်ချက်မှာ ရေလိုက်လွဲနေဟူသော စိုးရိမ်ဖွယ်
အပေါ်မြောက်တင်ထားသည့် သို့ဖြစ်၍ ၀ိညာဉ်တစ်ခုဖြစ်ကြောင်းကို သုသာန်တစပြင်များဆုံရာအရပ်တွင်
သည်နေရာကြားဖြတ်သေခြင်း ရှိရာအရပ်သချိင်္ုင်းဂူကျောက်ပြားကို ၀ိညာဉ်ကတုံ့ပြန်လိုက်သည့်
မီးပွားလွင့်များစင်ပြီး ယာယီသည်လိုလျှို့ဝှက်သည့် ပစ္စည်းတစ်ခုဘ၀သို့ တကယ်လို့များဟူသည်
အကယ်၍သာ ပြင်မထိပ်ဆုံးရွက်ဆိုင်းတန်း။ သူဟာ ဖျက်ရာတစ်ပုံကြီးပါတဲ့ အမှားတွေကို)
ဆွဲခေါ်သွားလောက်အောင် သူ့နည်းသူ့ဟန်ရှိခဲ့ရင် သူ့လမ်းမှာသူ့စကားဟာ ကြုံတွေ့ရလိမ့်မယ်ဆိုတာ
ဒီကျိုးနေတဲ့အရိုးက ငါ့ကိုနာအောင်ထိုး သူတို့ရဲ့သွားတွေက မင်းတို့ရဲ့ခတ်တက်တွေ လျောဆင်ပြီး
အနည်းအကျဉ်းအလွှာပါးဖြင့် သည်အကြောင်းကိုအလျဉ်းသင့်သလို ထပ်တူထပ်မျှနီးပါးတူညီအောင်
ထင်ါ်ရှားသိသာသည်လို ဖန်တီးပေးနိုင်သူ၏ သို့သော်လည်း သူ၏ညစာအတွက်အမဲလိုက်ထွက်သကဲ့သို့
အသုဘကောင်ဘောတစ်ဝိုက်မှ ငါးသေကြီးနတ်ဆိုးတစ်ကောင်ရဲ့အနည်းအကျဉ်းသော အရိုးစုသက်သက်

၎င်း(22.4.2012)

No comments: