Friday, July 25, 2014

ဒန်းစီးနေတဲ့သမီးလေးလေ့လေ





အကြော်ကိုထိုးချေပြီး ဆေးခွံနောက်ဖေးလမ်းကြားဘယ်နေရာဆွဲဆွဲ
ဂြိုလ်သိမ်ကာကွယ်ရေး တံတိုင်းရဲ့ရှေ့မှာ ရှင်ရပ်လို့ သေမဟုတ်
တစ်တီတူးမဟုတ်မှန်းတော့သိတယ်
ဒီလိုနဲ့ကျပ်ခိုးစင်ထက်က ဒိန်ခဲကြီးအရေပျော်ကျဆင်း
ဖြစ်နိုင်ရင်ပုဂ္ဂလိကကျောင်းဝင်သက်ထွက်သက်တိုင်းခေါင်းပြူးပြတယ်လျက်
ကျွန်မရဲ့အိပ်မက်တိုအခန်းကျဉ်းလေးထဲ ရှင်လူးလားခေါက်တုံ
လိမ္မော်သီးအမွှာတိုင်းမှာ
ရှင့် နာမည်ကျော်လျှို့ဝှက်မိန့်ခွန်းကို ဘယ်သူမှမရှိတဲ့
(ပြောရလျှင်)ရဲ့အထဲမှာ ညောင်ညိုပင်စခန်းအတိုင်းတိတ်ဆိတ်
“မြေပြင်သုညအမှတ်” (Ground Zero) သတ်မှတ်ပြီး
ကျွန်မ ဘာမှမပြောဖြစ်တောာ့ပေမယ့် စိတ်ထဲကတော့ ဆုံးဖြတ်ချက်ချလိုက်ပြီ
          Blue Laws
သူဟာ ကမ္ဘာကြီးကိုခွရပ်နေတဲ့ ဧရာမပုဂ္ဂိုလ်ကြီးတစ်ယောက်
စပ်ဖြဲဖြဲအနီရောင်နဲ့ ငါ့လိုဂို ရွာလွတ်ဆေးတံကိုခဲ
ဦးက ကိုပင်ဟေဂင်ကိုအလည်သွားတာပေါ့နော်
သရ၀ဏ်၏ချုပ်တည်းမှုမရှိခြေလှမ်းအနည်းငယ်ပြီးတော့
ကောင်းသောလမ်းမှားခြင်း
သမီးအလုပ်က ကောင်းတော့မကောင်းဘူးပေါ့အစ်ကိုရယ်
ဒါပေမယ့် ဘယ်တတ်နိုင်မလဲ တခြားရွေးစရာမှမရှိတာ
ပါရီပုံဆောင်ခဲ Floating Space တဲ့
ကျုပ်လည်းအဲဒီလမ်းကိုမသိဘူးခင်ဗျ
နှင်းခါးရိုက်လို့အာရုံခံစားမှုမရှိတော့တဲ့ “ငါတို့နှင့်သူတို့”
ယင်းကိုချန်ဖတ်ကြဖို့
“သြော်…. ကျွန်မပန်းဆိုင်လေးနာမည်လည်း ပြောထားရဦးမယ်”

၎င်း(1.2.2012)

No comments: