တစ်နေ့တစ်ခေါက်အရောက်သွားဖို့
မအောင်မြင်တဲ့အကျင့်အရေအတွက်(၆)ခု ၁၂၀သိန်း Suzuki Swift ကားဈေးကြော်ငြာမှာ အမြဲတမ်းနဲ့မျာျးမားရယ်နိုင်ဖို့
ဟီလာ ထ၊ ပွင့်လင်းလူ့အဖွဲ့အစည်းထဲက
တစ်ဆိုတာဘာလဲဆိုတဲ့ Avatar ဒါရိုက်တာပေးတဲ့လက်ဆောင် မနေ့က Artist Khaing Tha Zin
Htet ရောင်းလိုက်တဲ့ ဇူလိုင်လအတွင်း ၄ကားမြောက်ပန်းချီကားထဲက အခုပြေးဆွဲမည့်ကပရယာဉ်လိုင်းသစ်လို
David Daniels, The Gates of Paradise, Part I
THE UNFAIR LATHE AT THE TOP SHAFTS THE ONE INCH WIDE MIND GATE pg.007 မှာပါတဲ့
vနဲ့စတဲ့စကားလုံးတစ်ခုက iotaမှာ My Chemical Romance ရဲ့ Helena ကို သီးချင်းနဲ့စန္ဒယားဗားရှင်းနှစ်ခုကြားက
ကွာခြားချက်အတိုင်း ၀င်ရောက်စွက်ဖက်ထားတဲ့အောက်တိုဘာလရဲ့ Air KBZ လေကြောင်းလိုင်းမှရန်ကုန်-မဲဆောက်ခရီးစဉ်စတင်ပျံသန်းမှုFacebook
Network မှာတက်လာနေကြ Status ရေးနေတဲ့ Friends တွေရဲ့ဝါကျတွေ မူရာကာမိရဲ့ပြတင်းပေါက်ကလှမ်းကြည့်လိုက်တယ်
MCR အောက်မြင်တယ်ဆိုတာ၉၉ရာခိုင်နှုန်းရှုံးနိမ့်မှုပါပဲ လို့ပြောတဲ့လူဖတ်တဲ့ ဂျာနယ်တစ်ခု
Supplement စာမျက်နှာမှာ Subil me အဲဒီရေပန်းထဲကို
စာသားများနဲ့ပစ်ပေါက်လိုက်သော R8 ရဲ့ထပ်တိုးမိုဒယ်သစ် မက်ဆီကိုစိန်ခေါ်ထားတဲ့ဘောပြိုင်တော့မယ့်
Model ၀တ်ထားတဲ့ အတွင်းခံဘောင်းဘီတစ်ထည်ရဲ့ချုပ်ရိုးတစ်လျောက် ယုတ္တိဗေဒဆိုင်ရာဝေဖန်ချက်ကို
Vessyl Smart ခွက်ထဲသို့ မည်သည့်အရည်မဆိုထည့်သောက်ပါက ကွက်လပ်ကိုအန္တရာယ်ဖြစ်စေမည့်ဓာတ်ပစ္စည်းမျာကိုဖော်ပြခြင်း၊
ဆန်းချက်ဇ်အပြင် ထိပ်တန်းအပြောင်းအရွှေ့များ ထပ်မံမြင်တွေ့ရဖို့ ကျန်သေးသည်ဟု ဂါဒီဇစ်ပြောကြားခဲ့သလို
အဖွားကလည်း အိမ်သာတက်ချင်ကြောင်းထပ်လောင်းပြောကြားတယ် Pre ac her သင်အခုဖတ်နေတဲ့ ဖုန်းဆက်သွယ်မှု လိုင်းများမအားသေးပါရှင်ကို
မေ့လိုက် အဲ့ဒါကို ခင်ဗျားဘေးက သင့်တော်မယ့် နန္ဒပုလဲထဲက ဗေဒါလမ်းအတိုင်းပေါ့ နေသာတဲ့ညနေခင်းမှာကောင်းကင်ကမဲမှောင်နေပြီး အချင်းအီဘရာဟင်၊ သင့်သားအားပူဇော်လော့ ပြောတဲ့စာပိုဒ်ကို
ကျော်ဖတ်လိုက်တယ် ဒါပေမယ့်တကယ်တမ်းကျော်ဖတ်လိုက်တာက လောကမှာ Fact ဆိုတာမရှိဘူးလို့အဓိပ္ပါယ်ရတဲ့
Commerce ဒီတစ်ပတ်ထုတ်ထဲက EU နဲ့ပတ်သက်တဲ့ သတင်းတွေလို ကလာတီး(Clartes)သတင်းစာထဲကပင်တိုင်
ဆောင်းပါးရှင်တစ်ဦးကဆိုရင် သူ့ကိုယ်သူ(
)၀ါဒီလို့လက်မှတ်ထိုးခဲ့မှုမှာ
မနက်ဖန်ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲက ပြောကြားတဲ့စကားလုံးတွေအတိုင်း Karl
Popper ကပြောတယ် Dream keeper ထဲက ပုံပြင်တွေလိုမျိုးပေါ့ အဲဒါတွေရဲ့အခြေအနေက ပျံကျဈေးသည်တွေ
နေရာသတ်မှတ်ပေမယ့် အခက်အခဲရှိနေတဲ့ မြန်မာ့ပထမဆုံးရေပေါ်သွားရထား မောင်းနှင်တဲ့ပုံစံ
ကိုယ့် Facebook သူများဝင်သုံးရင်ဆောင်ရွက်ရတဲ့ အဆင့်အတိုင်း အမျိုးသားအင်္ဂါထွက်လာတဲ့
မဇာနည်ခိုင်လိုမျိုးတဲ့ ဟော….. အနုပညာဆိုတာ ဘာလဲ။ဟင်……။ လူအမည် မဟုတ်ဘူးလားလို့ပြောတဲ့ပုဂ္ဂိုလ်ရိုက်ကူးထားတဲ့
ဇာတ်ကားထဲက ဇာတ်ဆောင်ရေးတဲ့ Nausea မှာ လက်ထိုးရုပ်တွေရဲ့တိုက်ခိုက်မှုလို Mr.Bean ကသူ့အယူအဆကို
ဟောပြောခဲ့တယ် Furansu go ဘာသာစကားနဲ့ ကျွန်ုပ်၏ စာအုပ်ကို ၁၄၄ပုဒ်မထုတ်လိုက်ပြီး သွေးလိုအပ်ရင်
မေတ္တာရိပ်ပရဟိတကို ဆက်သွယ်ရသလိုမျိုး Comet Learning Tablet မှာပါတဲ့ အမျိုးနှစ်ဆယ်ကို
မျိုချလိုက်တယ် ဗီတာမင်အီးကို သတိနဲ့သောက်သုံးပါဆိုသလိုမျိုး ကားတွေပိတ်လမ်းတွေကျပ်တော့
ကားခပိုတောင်းလာကြ John Barth ရဲ့စာတမ်းထဲမှာ Yi Won ရဲ့Double Clickကို Clickလိုက်တယ်
စကားလုံး၊ ပုဒ်၊ ပုဒ်စု၊ ၀ါကျကဏ္ဍ၊ ၀ါကျ အဲဒီက
daidokoroကိုမှောက်ယက်လှန်လိုက်တယ် Peut devenir chaud မြန်မာ့ရော်ဘာကို ပြည်ပတင်ပို့ရာတွင်
ဇွန်လအတွင်းတန်ချိန် ၃၈၀၀ကျော်တင်ပို့နိုင်ခဲ့ခြင်း ဆိုတဲ့လက္ခဏာရပ်ရယ် ရန်ကုန်သီရိမင်္ဂလာဈေးမှ
သစ္စာပန်း ဆောင်းပါးမှာပါတဲ့ အကြုံပြုချက်တွေရယ် ဇာရာရဲ့လျှပ်စစ်ခေါင်းလောင်းသံတွေရယ်
၂၀၁၂ခုနှစ်၊ စက်တင်ဘာလထုတ် (ကန့်သတ်) အခြေခံပညာကျောင်းအုပ်ချုပ်မှု မွမ်းမံသင်တန်း စီမံခန့်ခွဲရေးလုပ်ငန်းနှင့်
စစ်ဆေးရေးဆိုင်ရာပို့ချချက်များ စာအုပ်ပါအတိုင်း စာမျက်နှာ ၉၃က အောက်ပါတို့ကို စစ်ဆေးကြပ်မတ်ရပါမည်ရယ်
သိုးကလေနဲ့စတဲ့ ကဗျာဖန်တီးမှုပုံစံရယ် ဒါတွေက Paramore’s Paramore Ablumမှာ ကျွန်တော်တို့မိသားစု
Ablum ထဲကအတိုင်း ဂရယ်ဗီတွန် ဒြပ်သားထု ?
ရွှေအချိုးအစားပါတဲ့
အရာတွေကိုလေ့လာမှုပြုဖို့ Bottleneck က ဘယ်မှာလဲ ခေါင်းလောင်းသံကြားတိုင်း ခွေးမှာ သွားရည်ကျအောင်အကျင့်လုပ်တဲ့
ဖြစ်ရပ်လို ညှပ်ဖိနပ်လို့အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာစကား ရဲ့ နှစ်ပေါင်း ၃၀မှာ ဘရောင်းရွေ့ရှားမှုတွေ
လက်ကမ်းအထူးကုဆေးခန်းကြော်ငြာစာရွက်ထဲက ကျောက်ကပ်အစားထိုးကုသနည်း၏ အာနိသင်(၆)ရပ်တွေ
တွေ့လား။ ဘာာတွေလဲဆိုတဲ့စကားလုံးပါတဲ့ ညစ်ညမ်းတဲ့စကားလုံးမျိုး Android L နဲ့
Android 4.4 ကြားက ကွာခြားမှုတွေ တော်စတွိုင်းဆုံးပါးသွားခဲ့တဲ့ ဘူတာရုံဘေးက မြက်ပင်လေးဆို
လေတိုက်တိုင်း ယိမ်းနွဲနေသတဲ့
ကက်ရှန်က သူ့စက်ရုပ်တွေရဲ့ထာဝရရှင်သန်မှုကိုရရှိစေမယ့်သူတဲ့
ဟာ ……..ဒါဆို မနက်ဖန်ကပျောက်သွားတဲ့ စောစောကကျလာတဲ့ အိမ်မြှောင်ချေးကို ဘာနဲ့သုတ်ရင်ကောာင်းမလဲ
ရာထူးတိုးမြှင့်ရေးဆိုင်ရာ အမှုထမ်းအဆင့်မေးခွန်းလွှာက အထွေထွေဗဟုသုတမေးခွန်းတွေမှာ မေးထားတဲ့
ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ ယုန်များစိတ်ဖိစီးမှုမဖြစ်ပေါ်စေရန်တိုက်ရတဲ့ ဆေးဝါးလို
ငါးပုစွန်များရဲ့အဓိကပါတ်ဝန်းကျင် (၆)ရပ်ဟာ aLPHA ယဉ်ကျေးမှုလက္ခဏာတွေနဲ့တိုက်ဆိုင်နှိုင်းယှဉ်ကြည့်ရင်
ဘာကူညီပေးရမလဲလို့မေးတာက ဖုန်းခေါ်ဆိုစဉ် စောင့်ဆိုင်းနေရသည့်အချိန်တွင် သီးချင်းသံကိုကြားနေရမည့်
အထူးဝန်ဆောင်မှုအတွက် နံပါတ် ၃၃၃သို့ Register ဟုရိုက်နှိပ်ကာ SMS ပေးပို့ရတဲ့အတိုင်း
ဘိုင်ဒါသည် ဘေဂျင်းတက္ကသိုလ်ကိုခေါ်ဝေါ်သော အမည်တစ်မျိုးဖြစ်၏၌ S=+1ကို ထူးဆန်းဟုမှတ်ယူက
S=-1ကို ဆန့်ကျင်ထူးဆန်းဟု ဆိုလိုက ဆိုနိုင်တဲ့သီချင်းကို ရေးဟန်အနည်းဆုံးနဲ့ ဒါဆိုရင်ပြီးပြီ
ပူဖောင်းလေးတွေကို ဒယ်အိုးထဲထည့်ကြော်တဲ့ ၁၉၆---ပြည့်အလွန်ကျော်က ပုခက်ဟာ တစ်စက္ကန့်
နှစ်စက္ကန့် သုံးစက္ကန့် မီးရထားသည် တစ်နာရီမိုင် ၃၀ဖြင့်ပြေးနေ၏ လူသည်တစ်နာရီ ခုနစ်မိနစ်နှုန်းနဲ့အိပ်စက်ကာ
Boeing 747လိုမျိုး အပင်မျှော့လှေးကြောင့်ရေနောက်ကျိခြင်းကို ပြုပြင်ဆောင်ရွက်ခြင်း
ပုဂ္ဂလဓိဋ္ဌာန်ဝါဒကြောင့်လူဟာ ကျောက်တုံးတစ်တုံးမဟုတ်တော့သလို ကပ်ထားတဲ့တပ်ကို ဆွဲခွာလိုက်တယ်ဟာ
အကြမ်းဖျင်းနားလည်စေဖို့ စတုဆိနကမှာ သိမှု-ဘာသာ-စကား-ရှိမှုကိုရွတ်ဆိုသလိုမျိုး ကမ္ဘာတွင်းကပြန်ထွက်လာ
အမျိုးသက်ရောက်မှု ကျမ်းမှ ချမ်းသလိုလုပ်ဖို့ ဆောင်ရွက်ချက်အစည်းအဝေးမှတ်တမ်းရှိ-မရှိ
မော့ဆက်(စ်)က အသက်ခုနစ်ဆယ့်ငါးနှစ်မှ ပန်းချီစဆွဲတာ တစ်စတစ်စလူမှုရေးဖန်တီးတည်ဆောက်မှုနဲ့
တစ်ဖက်မှာယူနီဗာဆယ်ဆိုင်ရာပုံမှန်နေသားတကျဖြစ်ပေါ်မှု And Tango Makes Three by
Justin Richardson and PeterParnell
စည်းမျဉ်းတွေချမှတ်ထား
ခေါင်းတိုက်လိုက်တဲ့ဘောလုံးကထိချက်မှန်စွာနဲ့
ကောင်းမွန်စွာဂိုးဘားတန်းကနေထွက်ခွာသွားတာကို အားလုံးဝိုင်းဝန်းနှုတ်ဆက်လိုက်ကြတယ် တချို့က၀မ်းပန်းတနဲ
နဲ့ ၀မ်းနှုတ်ဆေးတွေသောက်လိုက်တယ် လက်ဆွဲနှုတ်ဆက်ပြီး ဦးညွတ်ဂါဝရပြုလို့ ဒိုင်က၀ီစီမှုတ်ပြီး
ဘာဆက်ရေးရင်ကောင်းမလဲ
ဘာဆက်ရေးရင်ကောင်းမလဲ
ဘာ၅ဆက်၈ရေး၉ရင်၆ကောင်း၃မ၃လဲ
ဘာ-ဆက်-ရေး-ရင်-ကောင်း-မ-လဲ
ဘာ?ဆက်?ရေး?ရင်?ကောင်း?မ?လဲ
၎င်း
01(1772014)01
No comments:
Post a Comment