Saturday, July 19, 2014

ဒီလိုနေ့မျိုးရခဲပါတယ်၊ ကြာမယ်မျှော်




1905ခုနှစ် နွေရာသီကျောင်းပိတ်ရက်ရှည် လုနီးရာတွင် တစ်နေ့ထက်တစ်နေ့ထွက်ခနဲပေါ်လာ
ကိန္နရီ၊ ကိန္နရာ၊ ဂုန်၊ နဂါး တစ်ဆင့်ပြီးတစ်ဆင့်တက်ခြင်း ရေခဲမုန့်စားမလား
ဘယာကြော်စားမလား မျက်ခင်းဆိမ်းတွေပေါ်ဖြတ်ပြေး
ဒဏ်ရာတွေဟာ အံမာရွတ်ဖြစ်လာ ဘီးနဲ့ဖီးချ
ဒါဟာဖြစ်သင့်လား ကြွက်သားများကို သန်မာစေပါတယ်
ဒါဟာဖြစ်သင့်လား ကြွက်သားများကို သန်မာစေပါတယ်
ဒါဟာဖြစ်သင့်ပါတယ် ကြွက်သားများကို သန်မာစေပါသလား
ပေါ့ပါးလွတ်လပ်ပြီး ကဗျာဆန်တဲ့ကဗျာထဲမှာ ရှင်သန်ရင်း
ယှဉ်ပြိုင်ကစားကြံပုံတွေထဲ ခေါင်းဝင်နှစ်
လမ်းပျောက်သွားတဲ့ စာသားတွေ ရည်ရွယ်ချက်မရှိ
ဒွေးရောယှက်တင် နားမလည်မှုတွေ ဆောင်ရွက်ချက်မရှိ
မသိဘူး မီသီဘူး ကြမ်းတမ်းတယ် မသိဘူး



ဒါဟာ အပေါ်နားက စကားလုံးတွေ



အဖန်ဖန်တလဲလဲ   အဖန်ဖန်တလဲလဲ   အဖန်ဖန်တလဲလဲ
အဖန်ဖန်တလဲလဲ   အဖန်ဖန်တလဲလဲ   အဖန်ဖန်တလဲလဲ
အဖန်ဖန်တလဲလဲ   အဖန်ဖန်တလဲလဲ   အဖန်ဖန်တလဲလဲ


ရုပ်ဖြစ်သော ဆိတ်ကွယ်ရာဒေသကို ရှောင်ရှားခြင်းသည်လွယ်ကူပါသေးသည်။
သို့သော်တစ်ခါတရံ ဆိတ်ကွယ်ရာဒေသသည်ပင် ခဲယဉ်းကြောင်း။ လူသူလေးပါးကင်းဝေးမှ
ဆိတ်ကွယ်ရာဒေသမဟုတ်သေး

၎င်း(10.2.2012)

No comments: