ဒါနဲ့ပဲ ဂျွန်အက်ရှ်ဘယ်ရီ ကဗျာထဲကလို ဟောဒီခြေတံရှည်ရှည်မြို့ကြီးပြကြီးတွေဆိုတာမျိုး
မဟုတ်တဲ့ မြို့ထဲမှာ tearsdrops တေးသွားသံမကြားရတဲ့ အမှတ်လက္ခဏာနှစ်ခုထက်မကသလို
အဲဒီစာသားတွေက လူတွေထဲမှာ နေတွေရှိသလိုနဲ့
ခရူးရှက်ဖြုတ်ချခံရတဲ့နေ့တုန်းက ဆိုဗီယက် Red Army တွေဟာ တုတ်တုတ်မျှမလှုပ်ဘူး
တုတ်တိုနေတဲ့ အငွေ့ပျံအိတ်ထောင်ထဲမှာ ဆက်သွယ်မှုခေတ်ကြီး ဖုန်းပျောက်လို့
နှာချေခြင်းဗေဒသစ်အရ အဲဒီလိုတုန့်ပြန်မှုတွေဟာ အခုမဟုတ်တော့ထေ့ငေါ့ဖူးရဲ့ထဲမှာ
(a) နဲ့ရေးတယ်။ (e)နဲ့ရေးတဲ့ (a)တွေလှုံဆော်ခြင်းဖယောင်းချက်/ခွဲသည်
နာကိုရိုကျေးရွာက လူသဏ္ဍာန်ရုပ်ဝတ္ထုတွေထားသလို ဒါတွေရဲ့နောက်မှာမရှိ
ဒါတွေဟာ Kafka on The Shore ကလို မျှော့မိုးတွေရဲ့ပုံသေနည်းတွေ
စက်ဝန်းပုံစံမွေးရာပါနောက်တစ်နေ့မှာ ဥာဏ်ထက်မြက်တဲ့ကြားကာလ၏အတွင်းပိုင်း၌၍
kumari ချော်လဲတယ်ဆိုတဲ့ သီးခြားလက္ခဏာရပ်တွေရှိတဲ့ ကြောင်
ဒီမှာသတိပြုစရာ သုံးခုရှိလာတယ်ဆိုတဲ့ဒါက ကလေး လွယ်အောင်....................အတိုကောက်
အချိန်ကာလတိုင်းတာခြင်းတွေမှာ သည်လိုတောင်တက်ခရီးရှည်တွေနဲ့ ဗလာနယ်
အီသာဆိုတာ ဘာနဲ့ပြုလုပ်ထားတာလဲ၊ ဘာနဲ့တူသလဲ၊ ဘယ်လိုတွေခံစားတွေ့ထိလို့ရသလဲ
Michel Houellebecq Lanzarote ထပ်သွားဖြစ်ရင် သူဘာထပ်ရေးမလဲနောက်ထပ်
လက်စဘီယန်တွေရော
တကယ်လို့ 'A'ဟာအောင်မြင်မှုလို့ဆိုရင် ပုံသေနည်းက
A=X+Y+Zပဲဖြစ်ပါတယ်။ X ဆိုတာက အလုပ်
Y ဆိုတာက အပန်းဖြေတီးမှုတ်ကစားခြင်း။ Zဆိုတာက
တော့ သင့်ပါးစပ်ကို အစဉ်အမြဲဒဏ်ခတ်အသေပိတ်ထားခြင်းသာ
ဖြစ်ပါတယ်။ (အယ်လ်ဘတ်အိုင်းစတိုင်း)
on hteedan road(ten men) documatary film မှာ စာတန်းတွေ
သူတို့ကားလမ်းကူးတဲ့အကြောင်းတွေလိုမျိုး လမ်းဘေးတစ်ဖက်တစ်ချက်က
အသက်ရှင်သန်နေသူတွေ ကြိုး နဲ့ချိတ်ဆွဲထားတဲ့ အမှည့်လွန်ငှက်ပေ
ျာသီးတွေ
နေပူရှိန်အောက်မှာ အငွေ့ပျံပျောက်ဆုံးဖို့ကြိုးစားနေ
တဲ့
၎င်း(13.6.2014)
No comments:
Post a Comment