ဟင်ဘာလဲလို့ သူရုတ်တရက်လန့်ဖျန့်သွားသည်။
အဲဒီအချိန်ကနေ၀င်သွားသောကြောင့်ငှက်များအိပ်တန်း
တက်ဖို့ပြင်ကြပြီ။
ရေနွေးဟာရင်ထဲပူနွေးသွားစေ၏။ ကုလားထိုင်ပေါ်မှာ သင်ဖျူးဖျာတစ်
ချပ် ထိုအင်္ကျီတစ်ထည်ပေါ်သို့
မျက်မှန်တစ်လက်ရောက်သွားသောအခါ။ အရပ်ရှည်ရှည်လိပ်တစ်ကောင်
၏ အတောင်ပံလိုဧရာဝတီမြစ်ကမ်းနံဘေးက
အလင်းဆိုင်လေးမှာပုလင်းကိုင်ငေးနေဆဲ။ ဒါပေမယ့်အဲဒီ
ခုနှစ်လွှာရောင်ကောင်းကင်မှာ
ကင်းကောင်တွေတိမ်တောက်နေမည်။ ရေ၀ဲထဲတရှိုက်မက်မက်ဆွဲငင်
ဝင်ရောင်သွားပြီး
ညှီနံ့တွေအကြေးခွံက ဘာလုပ်ရမှာလဲလို့ထပ်တလဲလဲမေးခွန်းထုတ်နေတယ်။
နဖူးထိပ်ဆံစတွေနားက
အရင်လိုမျက်မှောင်ကျုံ့မှုတိုင်းအမှန်လို့ထပ်ပြောရမှာလား။ လေယာဉ်ပျံဟာပျံ
သွားပြီ။ သူဟာသေသွားပြီ။
ဝတ္ထုဟာပြီးသွားပြီ။ အဲသလိုမျိုး ဖန်ခွက်နဲ့ဇွန်းထိရိုက်သံဟာ ခွေးများ
ပြေးလွှားခြင်းနဲ့မဆိုသလို။
လက်သည်းညှပ်ခြင်း၊ အပေါ့သွားခြင်းဟာ ပြေးဝင်သွားတဲ့စကားလုံးရဲ့
ခရမ်းချဉ်သီးနဲ့ဘာမှမဆိုင်ဘူး။
ဖိနပ်တစ်ရံကို မှောက်ခုံထားခြင်းဟာ အဓိပ္ပါယ်မရှိဘူးဆို ပက်လက်ထား
ခြင်းကလည်းခြင်မကိုက်စေဘူး။
ဘ၀မှာပျင်းစရာအလုပ်ဟာာ ထမင်းစားခြင်းနဲ့အိပ်စက်ခြင်းဖြစ်ပြီး
ညစ်ညမ်းတဲ့အလုပ်က။
ချောင်းဆိုးသလို ခပ်လွယ်လွယ်ပြီးမယ်ဆိုရင် ကျောက်သင်ပုန်းပေါ်မှာရေးမိမှာပဲ။
အညွှန်းစာအုပ်ထဲက
အကြောင်းအရာတွေလို မြန်မြန်မြန်မြန်လက်စသတ်ရမှာပဲ။ တကျိကျိနဲ့မြည်တတ်တဲ့
သံပန်းတံခါးကြားက
အံကျိတ်မှုလိုမျိုး၊ ပလက်ခေါင်းထိပ်ကလျှပ်စီးထောက်တံ ထိုးသွင်းမှုကြောင့်
မီးနေဆေးသောက်ရမှာ။
ပုဆိုးကိုနှာခေါင်းနဲ့အတင်းငုံနမ်းခြင်းမှာ သီဝရီတစ်ခုရှိမယ်။ အဲဒါဟာ ခပ်
ကြောင်ကြောင်နိုင်တယ်လို့
သူတို့ပြောကြသည်။ သူတို့ဟာရဲရဲတောက်လင်းထိန်နေတဲ့ ကံ့ကူဆံတစ်ပိုင်းပဲ။
ထင်သလိုရေးခြစ်ရင်း
အသံဟာလန့်လို့ပြန်ကန်ရင်းပေါ့။ အထိအခိုက်လွယ်တယ်လို့ပြောမယ့် မျက်ရည်က
မှောက်ရပ်ထိုင်တဲ့
အနေအထားကနေ အကသင်နေတယ်။ အပျိုစင်တစ်ဦးရဲ့ရှက်ရမ်းရမ်းအမူအယာဟာ အရက်သောက်
တတ်တဲ့ သူတို့နဲ့အကိုက်ပဲ။
အလူမီနီယံသားနဲ့ သူတို့ရဲ့ဗိုက်ခေါက်တွေက မနာလိုစေခြင်းကိုဖြစ်စေသည်
ဒါပေမယ့် ကွမ်းထွေးလိုက်သလိုမျိုး
လေထုထဲပက်ခနဲဝင်ရောက်စိမ့်ဝင်သွားပြီးခလောက်သံတွေ
တခွင်ခွင်နဲ့ကြားနေရ
၎င်း(2.10.2011)
No comments:
Post a Comment