ကျွန်တော့်မှာ ကဗျာတစ်ပုဒ်ရှိတယ်
သူဟာ ကိန်းကြီးခန်းကြီးမနိုင်
ခက်ခဲရှုပ်ထွေးတဲ့ စကားလုံး၊ ထက်မြတ်တဲ့ အတွေးအခေါ်မပါ
ထပ်တူပြု၊ အနှိုင်းခံ၊ သွယ်ဝိုက်၊ နိမိတ်ပုံစတဲ့ အရည်အချင်းတွေမရှိ
တခြားကဗျာတွေနဲ့ ရင်ပေါင်တန်းချင်စိတ်မကိန်းဝပ်
ထောင်လွှား၊ မောက်မာ၊ ဘ၀င်စတဲ့ ခပ်ညံ့ညံ့စရိုက်များမသုံး
ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်၊ ၀မ်းနည်း စသဖြင့် အစွန်းနှစ်ဖက်မခံစားရ
ရိုးရှင်းပြေပြစ်ပွင့်လင်းတဲ့ သူ့ကိုချစ်မိတာမဆန်း
ဒါဟာ……ကျွန်တော့်ကဗျာပဲပေါ့
၎င်း( 11.10.2010)
No comments:
Post a Comment