ရိုစိုရာ ။ ။မြို့စားကို သတ်ချင်နေတယ်
ကလိုတာလ်။ ။မင်းဟာ မိန်းကလေးတစ်ယောက်လည်းဖြစ်တယ်။ မင်းအဖေ ဘယ်သူလည်း မင်းမသိဘူး။ ဒါတောင်မှ ဒီလောက်သတ္တိတွေရှိနေရတာလဲ
ရိုစိုရာ ။ ။ရှင်မြင်တဲ့အတိုင်းပဲလေ
ကလိုတာလ်။ ။ဘယ်အကြောင်းအရာက မင်းကိုစိတ်လှုပ်ရှားစေတာလဲ
ရိုစိုရာ ။ ။ကျွန်မရဲ့ဂုဏ်သတင်း မကျော်ကြားမှာစိုးလို့ပဲ
ကလိုတာလ်။ ။အက်စ်တော့ဖ်ဟာ မင်းရဲ့ဘုရင်မဟုတ်ဘူးလား။ မကြာခင် သူ အက်စရယ်နဲ့လက်ထပ်ရတော့မယ်လေ
ရိုစိုရာ ။ ။ဘုရားသခင်၊ သူ့ကိုတားဖြစ်အောင်တားရမယ်
ကလိုတာလ်။ ။ဒါဟာ ရူးခြင်းတစ်ခုပဲ
ရိုစိုရာ ။ ။ကျွန်မသိပါတယ်
ကလိုတာလ်။ ။မင်းအသက်ကိုစွန့်ရမှာပေါ့
ရိုစိုရာ ။ ။ကျွန်မမျှော်လင့်ထားပြီးသားပါ
ကလိုတာလ်။ ။မင်းရဲ့ခံစားချက်က မင်းကိုတွန်းကန်နေလို့လား
ရိုစိုရာ ။ ။မဟုတ်ဘူး။ ကျွန်မရဲ့ဂုဏ်သတင်းအတွက်ပဲ
ကလိုတာလ်။ ။အရူးအမူးစိတ်နဲ့မင်းမိုးမှောင်ကျနေပြီ၊ မင်းကိုဘယ်သူကူညီမှာလဲ
ရိုစိုရာ ။ ။ကျွန်မကိုယ်ကျွန်မပေါ့
ကလိုတာလ်။ ။မင်းဘာကိုရှာဖွေနေသလဲ
ရိုစိုရာ ။ ။သေခြင်းတရားကိုပဲ
ကလိုတာလ်။ ။စဉ်းစားပါဦး ရိုစိုရာ၊ တခြားနည်းလမ်းမရှိတော့ဘူးလား
ရိုစိုရာ ။ ။ဘယ်နည်းလမ်းမှ မရှိတော့ဘူး။ ရှိတဲ့လမ်းတွေအားလုံးက ကျွန်မရဲ့သေခြင်းတရားကိုစီစဉ်ထားကြပြီ
ကလိုတာလ်။ ။မင်းက သေဖို့ဆုံးဖြတ်ထားပြီပဲ။ ကျုပ်ကိုစောင့်ပါဦး သမီးရယ်၊ ကျူပ်တို့နှစ်ယောက်အတူတူသေကြမယ်လေ
အိပ်မက်ဆန်သောဘ၀(ပြင်သစ်ပြဇာတ်)-ဒေါက်တာခင်လေးမြင့်ဘာသာပြန် Pg.84
၎င်း(12.2.2013)
No comments:
Post a Comment