Thursday, June 26, 2014

အားသစ်နဲ့အားတစ်(စ်)




တစ်နေရာမှာ။ ညစ်ညမ်းတဲ့အကြောင်းတွေရဲ့အနံ့တွေ၊ စူးရှရဲရင့်တဲ့
မျှော်လင့်ချက်အကြားတွေ၊ ခမ်းနားဆန်းပြားတဲ့နေရာမှာ၊
သိမ်ငယ်တဲ့ အရသာတွေ၊ ၀ရုန်းသုန်းကားလေလွင့်လာတဲ့ အမြင်တွေ
စသဖြင့် အလွဲလွဲအမှားမှား ခံစားလိုက်ရချိန် (ဒါမှမဟုတ်)ဒီထက်
ပိုတဲ့အရာတွေကို ခံစားလိုက်ရချိန် (ဒါမှမဟုတ်)ဘာမှမခံစားလိုက်
ရချိန်မှာ။ မျက်လုံးကိုမှိတ်။ ပြီးရင် အနုပညာလေကို ၃-၄ချက်
(ဒါမှမဟုတ်)ထို့ထက်ပို ၍(ဒါမှမဟုတ်)လိုအပ်သလောက်
ရှုသွင်း ၍ပြန်ဖြည်ချလိုက်ပါ။ ပြီးရင် မျက်လုံးကိုဖွင့်ရင်ကို
ကော့ လက်သီးကိုဆုပ်လိုက်ပါ ဒါဆို အရာရာကို
ရင်ဆိုင်ဖို့အသင့်ဖြစ်သွားပါပြီ။ ၄င်း(၁၁.၁၀.၁၀)

No comments: