ချက်
အဲဒီချက်ထဲကချပ်မှာ
Chartနဲ့ Chess တွေဟာ ဟုတ်သလိုနဲ့မဟုတ်
တောက်တီးတောက်တဲ့နေရာမှာ
ချောက်ချီးချောက်ချက်လို့ မျှဝေလိုက်တဲ့
အဲဒီအိမ်သာရေဆွဲချခြင်း
ဆိုလိုတာကတော့ ဖြစ်နိုင်ချေတွေလိုချန်လှပ်လို့မရပါဘူး
သူတို့ရဲ့ချရားပင်နဲ့ချင်းယားပင်
မနေ့ကပိတ်လို့ရပြီး
ဒီနေ့ကျပ်နေတဲ့တံခါး၊
အဲဒါသောက်ပစ်လိုက်လို့ရပြီး
ဟင်းခွက်ထဲက ပွန်းတီးထဲက
နီစွတ်ထဲက တိတယထဲက ပြာကျင်ထဲက
ဝင်ရောက်သွားတော့
လက်တစ်ပြတ်ကြီးကလှမ်းလှမ်းတားလို့
ငလျင်လှုပ်သွားလို့ကတော့
ဒါပေမယ့် ဖျွဲမျှော့
ကြွက်တစ်ကောင်ကဖြတ်ပြေး
အဲသလိုတေးသွားမှာခဲ့သလိုသွားတေးမဲ့သလိုသားမေး
ရှင်သိပ်မိုက်ရိုင်းတာပဲ
အင်္ကျီပြောင်းပြန်ဝတ်ခြင်းကြောင့်ပြည်
နိပ်ဟ
စလိုစလာအနေနဲ့
ဆောင်ထားတဲ့ဝင်လာတော့ နှစ်ခုပြန်ထွက်တော့တစ်ခုအရင်ကလေးခု
ဒါမှမဟုတ်ရှစ်ခု
ထွေးထုတ်လိုက်တဲ့သလိပ်တွေထဲ
ခေါက်လိုက်တော့
အံစာတုံးဘောင်းဘီစာရွက်ကိစ္စဖြစ်ပြီးသမျှ
တဟားဟားနဲ့ရယ်ရင်းမောရင်း
ပလပ်ပေါက်ထဲလျှပ်ကူးမိတဲ့ဒလ
အတန်ငယ်ကွေးညွှတ်ရင်း
ရှေ့တစ်ရင်းနဲ့နောက်တစ်ရင်းဟာချုပ်သလိုဖြစ်ရင်း
သုံးပုံဖဲဖြစ်ရင်း
ယင်တလောင်းလောင်းထဲည့်လိုက်ရန်း
ဘရန်ဒီတစ်ခွက်လောက်နဲ့တော့ဇီးမကပ်ဘူး
ဘာာလို့လဲဆိုတော့
၎င်း(10112011)
No comments:
Post a Comment