ဒါနဲ့ပဲထပ်တိုး
တစ်စ,တစ်စ
အနားကပ်လိုက်တိုင်း
အနံ့ဟာ
တစ်ဆစ်ဆစ် ဆိုကတည်းက
အထူးပြုလုပ်ချက်
အရူးတစ်ယောက်လို့
သတ်မှတ်ရင်လည်း ရတာပဲ
အသုံးပြုခဲ့သမျှတွေပြောင်းလဲပြီး
အကောင်အထည်ဖော်မှုဖြင့်
ဤ၀ါကျများသည် အလွန်အမင်းကောင်းအောင်
အခြေခံဖွဲ့စည်းတည်ဆောက်
အဟန့်အတားသာမဖြစ်ခဲ့လျှင်၊
ဖြစ်ခဲ့လျှင်
အမြင်ပသာဒ၏ ခက်ခဲမှု(သို့)
အတိုင်းအတာများနဲ့အကွာ
အပိုင်းအခြားများ
တိကျသော အသုံးခံမှု
ဒါပေမယ့် နှစ်ဘက်ပမာဏဖြင့်
နေထိုင်ခဲ့တာပါ။
ဒါကိုခန့်မှန်းဖြင့်
တစ်နေ့ပြီးတစ်နေ့
ထိတွေ့ရင်ဆိုင်ရင်း
အကြွင်းမဲ့သေချာသော
ရလာဒ်တွေကိုသာတွေ့ဖို့
အလားအလာ
ရှောင်ရှားခဲ့သော်လည်း
တ၀မ်းပူတွေထက်
နည်းနည်းလေးပဲပို
အကြောင်းမဟုတ်
ဤ၏အယူအဆများကို
အကယ်၍လောလောဆယ်တွင်
တကယ့်အတိုင်း
ရာထားတဲ့ငြင်းပယ်မှု(သို့)
ရရာပဲ ကျဉ်းမြောင်းတဲ့
အချိန်ကာလ အငြင်းပွားဖွယ်ရာ ၀ိရောဓိ
တစ်ခါတည်း ချဲ့ထွင်ထားတဲ့
အရိပ်နိမိတ် ဏကြီးရေမှုတ်
ဒလဟော ဆက်ပြီးတော့
၎င်း(1.9.2012)
No comments:
Post a Comment