Thursday, June 26, 2014

ငွေရှင်းပြီးမှဝင်ပါ မည်သူမဆိုငယ်ချစ်ဦးတို့ နိုင်ပွဲများရရှိ



ဆိုလိုတာက ဖိနပ်တွေ၊ ခြေအိတ်တွေ၊ ဘောင်းဘီတွေ၊ ရှပ်အင်္ကျီတွေ၊ ကုတ်အင်္ကျီတွေ သို့ပေမဲ့/မယ့် တကယ်ပဲ
ဝမ်းချုပ်နေတဲ့ဝေဒနာပေါ်မှာ အသုဘရထား မုဆိုးမများ မုဆိုးဖိုများ၊ မုဆိုးများ၊ သားကောင် သမီးကောင်များ
ဘဲငန်းရှိသော ရေကန်အတု ပုံစံတွေမှာ ဖုန်မှုန့်ကလွဲလို့ဘာမျှမရှိ အန်ရန်ပြင်တဲ့ ဒီဇင်ဘာလ ဘာကိုမျှ
မစဉ်းစားနိုင်သည့် လှိုဏ်ဂူလေးသဖွယ် နုပျိုနေခဲ့သည်မှာကို ဘာမှမမေးပါနှင့်များ နောက်နေ့တွင်မိုးရွာလျက်ရှိ
မှန်သည် ကာလတစ်ခုမှာ တဒင်္ဂမျှသာ ရှပ်ပြာရန်ရှပ်ပြာရှပ်ပြာတစ်ခုခုည မွန်းလွဲရဲ့ဦးရေမှကပ်နေရ
သန်းပေါင်းများစွာက လူတွေရဲ့မျက်နှာပြင်မျိုး ပြီးမှရုတ်ချည်းဆိုသလို နားတွေရှိပါရဲ့ဆင်တူလှပြ

အခြေခံကော်မတီများကို လွတ်လပ်စွာရွေးချယ်ဖွဲ့စည်းနိုင်သည်။ နေ့ရက်မှစပြီး (၃)နှစ်သက်တမ်းရှိရမည်။
မိုးရေတွေဟာ မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းမယ်။ အဲဒီပုံစံထဲကို ပြင်ပလူတစ်ယောက်က ညီအောင်စီပေး
နေစရာမလိုဘူး။ ပြီးတော့ အစာစားတယ်။ ချစ်တမ်းကစားတယ်။ ဒါပြီးတာနဲ့အစာစားတယ်။ ချစ်တမ်းကစားတယ်။
သူ့အတွေးအခေါ်စနစ်ရဲ့အောင်မြင်မှုကဘာလဲ။ ဒါပေမယ့် အဲဒီပုရွက်ဆိတ်က သစ်ရွက်တစ်ရွက်ပေါ်မှာရှိနေ
တယ်    ဆိုပါစို့။ လရောင်ကြယ်ရောင်တောင်မလင်းတဲ့ညမျိုးတစ်ည၊ မတည့်သောဆေးများကြိုတင်ပြော
တစ်ချိန်လုံးအချိုချည်း လိုချင်လို့မရဘူး။
တစ်ချိန်လုံးအချိုချည်းလို ချဉ်လို့မရဘူး။
ဒီနေ့ မော့ကြည့်တဲ့ကောင်းကင်က အပြာရောင်၊ ကော့ဒ်က စီ၊ အကျင့်ပျက်ခြစားနေတဲ့ခြတွေ
ဖုန်းဘက်ထရီ အရင်လိုပြန်ကောင်းပြီတဲ့၊ ခြေဖမိုးပေါ်က အဖုလေးတွေကို ပွတ်သပ်လို့
နည်းနည်းကျယ်လိုက် အိမ်ထောင်ရေး……အဆင်ပြေမည်။ အိမ်ထောင်ဘက်ထံမှ
သင်လိုအပ်နေသော ငွေကြေးအကူအညီများရရှိမည်။ လူတော်တော်များများမှာကြွက်တွေရှိသလို
ယနေ့ခေတ်ရဲ့ခွေးတွေဟာ အတုအယောင်တွေကြောင့် စိတ်ရှုပ်ထွေးတဲ့ဘ၀နဲ့ပဲ အချိန်ကုန်နေကြရတယ်
မိုးရေခံစည်ပိုင်းထဲကို အလန့်တကြားငုံ့အော်နေတာလား၊ ဒါမှမဟုတ် ငါးသလောက်ပေါင်းစားဖို့

ပြန်သွားဖို့၊ ဒီကို လေနှုန်းနဲ့ထွက်သွား၊ ပုံသဏ္ဍာန်ဝါဒဆန်မှု၊ အဆက်အစပ်အခြေခံရှင်းလင်းမှု
                   A,b,c,d,E……….n
                   a,B,c,d,e……….n

အမှောင်ထဲမှာ အရောင်ရှိတယ်

၎င်း(14.1.2014)

No comments: