Sunday, June 22, 2014
ဒါပေမယ့် အခုဟာကဖြတ်သန်းလာခဲ့ရသမျှ ခုတော့နာမည်မေ့လို့ ဆင်ခြင်သိမြင်လာခြင်း ရုတ်တရက်ပါကပဲ ခိုးကြောင်ခိုးဝှက်ထားတဲ့ မိန်းမ၀တ်အတွင်းခံဘောင်းဘီ ဂျယ်လီတုံးကြီးလို တကယ်လည်းသူ ငိုက်မြည်းနေခဲ့တာ ပုံသဏ္ဍာန်တွေမျက်လုံးနှစ်လုံးကိုလုံလုံခြုံခြုံနခြည်ပေါ့ သစ်သားတန်းတွေကကြောက်နေမိသလို ဒါကိုလုံးဝမစဉ်းစားမိ ဟုတ်လည်းဟုတ်လောက်ပါတယ် သူ့ဆိုက်ကားလက်ကိုင်စဟာသုံးလက်မလောာက်ကျိုးပဲ့သွား အမှတ်ဆို ဆိုင်ဆီးဖတ်စ်ရဲ့ကျောက်တုံးကိုက ငါ့နာမည်ကိုသိကြလား နှစ်ခါပြန် သုံးခါပြန် မမြင်တွေ့နိုင်တဲ့ အခိုက်အတန့်ငယ်လေးများ လက်ချင်းမြဲမြဲအား ဘက်ပြိုင်စရာ အညှာအတာကင်းမဲ့သော အမှန်တရားပါပဲလား သူစောင့်နေလိုက်တယ် ပင်လယ်လှိုင်းလုံးတွေ က အရမ်းကိုပျင်းရိနေပြီ ငယ်ရွယ်နုပျိုမှုများ ယခုအချိန်ဟုမဆိုလိုသေး အသက်တစ်ချက်ရှုသွင်းမှုတ်ထုတ် မကျော်နိုင်တာကမအော်နိုင်တာကမကော်နိုင်တာကမပြော်နိုင်တဲ့ အကြောင်းတစ်နီးပါးအလျှော့ပေးမြို့ကလေး နက်ရှိုင်းတဲ့ သိမြင်နိုင်မှု ဆိုပါတော့ အဲဒီသြဇာအောက် လိမ္မော်ရောင် တုန့်ပြန်မှုလွန်ကဲပြီးဘီလူးသဘက်ဆန်ဆန်အဖြေရှာမှုဆီ ရှေ့ဆက်ဆွေးနွေးမှာထားမယ် ပါရီမှာအရမ်းအေးတယ် သတ္တုနဲ့စစ်ဆေးတိုင်းထွာချက်အရ ဒီအတိုင်းပဲမဟုတ်လား နောက်ဆက်တွဲပျောက်ဆုံးနေတဲ့ဧရာမအသံဝဲတယ်နော် ထိုဆိုင်တွေရဲ့တည်ငြိမ်မှုကိုရောင်းတယ် ၌ သလင်းကျောက်တွေရောက်လာတာသိနေလို့ ထိုစာအုပ်ကိုဒဏ္ဍာရီတစ်ခုထက်ပိုကြောင်း ငါ အဲဒါတွေမလုပ်ချင်ဘူး မှန်ဗီရိုရှိသင့်သည်လို့ ထင်တယ် နဘေးကလူတွေ ရှေ့ကလူတွေ ဘုရားဖူးသွားပြီးတဲ့ ဖိနပ်ချုပ်သမားက ပျံ့လွင့်လို့ဒါပေမယ့် တစ်ခါသော်မျှမငိုခဲ့ မပိုခဲ့တဲ့ ဧပြီမှာ ဘယ်တော့မှသိလိမ့်မည် ပိရစ်မစ်တွေဆီ ကလစ်လိုက် များမကြာမီ သိုးများရှိရာဆီ ခဲဟာလည်း ကမ္ဘာမြေကြီးကခဲဆိုတာကို မလိုတဲ့အထိ ခဲအဖြစ်ဆက်ရှိနေမှာပဲ ဒါပေမယ့်ခဲ
ဒီလောက်ပါပဲ
No comments: